Tuesday, June 14, 2016

ဗိုက်ထဲမှာ ဘာအစာမျှမရှိတဲ့အချိန် ကော်ဖီသောက်မိတဲ့အခါ

အသင့်အတင့် ကော်ဖီသောက်ခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာကို လူတိုင်းသိပြီးဖြစ်ကြပါတယ်။ အထူးသဖြင့် ကော်ဖီထဲမှာပါရှိတဲ့ ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများဟာ အူမကြီး ကင်ဆာ မဖြစ် အောင်ကာကွယ်ပေးပါတယ်။ အသီးအနှံ မျိုးနွယ်ပင် ကော်ဖီစေ့ထဲမှာ chlorine genic အက်စစ် (ခေါ်) ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါရှိနေတာ ကို တွေ့ရပါတယ်။ အစားအသောက်ဆိုင်ရာ ဓာတ်ခွဲ စမ်းသပ်သူများ၏ လေ့လာချက်များအရ ၎င်းဓာတ်တိုး ဆန့်ကျင်ပစ္စည်းဟာ ဟာလာဟင်းလင်းဖြစ်နေတဲ့ အစာအိမ်၊ တစ်နည်း အားဖြင့်ဆိုသော် ဗိုက်ထဲမှာ ဘာအစာမျှ မရှိဘဲ ကော်ဖီသောက်မိတဲ့အခါ ဆိုးရွား တဲ့ ဓာတ်ဖောက်ပြန်မှုကို ခံစားရစေနိုင် တယ်လို့ ဆိုပါတယ်။ အသေးစိတ်အနေဖြင့်ပြောရရင် ဟာလာဟင်းလင်းဖြစ်နေတဲ့ အစာအိမ်ထဲကို ဘလက်ခ်ကော်ဖီ (နို့လုံးဝမ ပါတဲ့ ကော်ဖီကြမ်း) တစ်ခွက် လောင်းထည့်လိုက်တဲ့အခါ အစာခြေအင်္ဂါ အစိတ်အပိုင်းများထဲမှ hydrochloric အက်စစ် ထွက်ရှိ လာပြီး အစာအိမ်ရောင်ရမ်းနာရောဂါကိုဖြစ်စေ နိုင်ပါတယ်။
အကယ်၍မည်မျှပင် ကျန်းမာ နေတဲ့ အစာအိမ်ဖြစ်ပါစေ

အမျိုးသားများ မြုံရခြင်းအကြောင်း သိကောင်းစရာ


အိမ်ထောင်ပြုပြီးနောက် မျိုးပွားခြင်း (သားသမီး ယူခြင်း)ဟာ ဇနီးမောင်နှံတွေအတွက် မထူးဆန်း တဲ့ဖြစ်စဉ်ပါ။ ဒါပေမယ့် အိမ်ထောင်သက် တစ်နှစ်ကျော်ကြာ လာတာတောင် သားသမီး ပွားစီးမလာနိုင် တာကြောင့် နားလည် ကျွမ်းကျင်သူ ဆရာဝန်တွေနဲ့ဆေး စစ်ကြည့်တော့မှ ဥပမာ အိမ်ထောင်သည် ငါးစုံမှာ တစ်စုံ က ယောကျာ်းဖြစ် သူရဲ့  ကျားသဘာဝ မစွမ်းဆောင်နိုင် (မြုံ)နေတာကို ကြုံတွေ့ ကြရပါတယ်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ရှိ North Middlesex ဆေးရုံက ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ စုံတွဲပေါင်း ၇၃ တွဲကို လေ့လာတွေ့ ရှိချက် အရ တစ်နာရီ အတွင်း နှစ်ကြိမ်တိုင် ချစ်တင်းနှောခြင်းက ကိုယ်ဝန် ရနိုင်ခြေ သုံးဆများစေကြောင်း၊ အမျိုးသမီးများ ဓမ္မတာကာလတွင် အမျိုးသားများအနေဖြင့် ချစ်တင်းနှောခြင်း ကိုရှောင် သင့်ကြောင်း၊ ဓမ္မတာမလာမီ နှစ်ရက်ခန့်ကတည်းက လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ထားမှသာ မျိုးအောင်နိုင်ခြေများသည့် သုက်ပိုး များကို
Related Posts Plugin for WordPress, Blogger...