Thursday, December 25, 2014

ခရစ်စမတ်ပုံပြင်

ရှေးတုန်းက တင်ရှားခဲ့တဲ့ ဒဏ္ဍာရီတစ်ခုမှာ ဆိုထားတာကတော့ တစ်ခါက လက်ဘနွန်နိုင်ငံရဲ့ လှပသာယာတဲ့ တောအုပ်လေးတစ်ခုမှာ ထင်းရှူးပင်လေးသုံးပင် ပေါက်လာခဲ့တယ်တဲ့။ အားလုံးသိကြတဲ့အတိုင်းပဲထင်းရှူးပင်တွေဟာ ကြီးထွားနှုန်းနှေးလွန်းတာကြောင့် အဲဒီထင်းရှူးပင်လေးသုံးပင်ဟာ ရာစုနှစ်နဲ့ချီပြီး `ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း´၊ `သဘာဝနဲ့ လူသား´ အကြောင်းတွေကို တွေးတော ဖြတ်ကျော်လာခဲ့ကြတယ်။

သူတို့ဟာ ဆော်လမွန် ဘုရင်ကြီးရဲ့ စစ်သည်ရဲမက်တွေ လက်ဘနွန်နိုင်ငံကို ရောက်လာတာ၊ Assyrian လူမျိုးတွေနဲ့ သွေးမြေလွှမ်းခဲ့တဲ့ တိုက်ပွဲတွေကို မြင်တွေ့ခဲ့ကြတယ်။ ပြီးတော့ ကမ္ဘာ့ရန်တွေဖြစ်တဲ့ ယေဇာဗလ် (Jezebel) နဲ့ ပရောဖတ် အီလိယာ (Elijah) တို့ကိုလည်း တွေ့ဖူးခဲ့တယ်။ သူတို့ရှေ့မှောက်မှာပဲ အက္ခရာကို တီထွင်လာကြတယ်။ ကုန်သည်တွေကလည်း ရောင်စုံအထည်အလိပ်တွေတင်ပြီး သူတို့နားက ဖြတ်သန်းသွားကြတယ်။ဒီလိုနဲ့ သာတောင့်သာယာရှိတဲ့နေ့တစ်နေ့မှာ

Tuesday, December 16, 2014

နံနက်ခင်းမှ ည အထိ စွမ်းအင်ပြည့်ဝကျန်းမာစေရန်


တစ်နေကုန်စွမ်းအင်ပြည့်ဝပြီး တက်ကြွလန်းဆန်းနေစေဖို့ ပင်ပင်ပန်းပန်းလုပ်စရာမလိုဘဲ ပြုလုပ်နေကျ အကျင့်တွေကို ပြင်လိုက်ရုံနဲ့ အကျိုးရှိတယ်ဆိုတာ သိပါသလား။ အောက်ပါအချက်တွေကို လေ့လာကြည့်ပါ။

လှုပ်ရှားမှုပြုလုပ်ပါ။မနက်စောစောလေ့ကျင့်ခန်းလုပ်လေ့ရှိပါသလား။ ပြင်းပြင်း
ထန်ထန်မဟုတ်တာင် လမ်းတို လျှောက်တာလောက်တော့ လုပ်ပေးသင့်ပါတယ်။ ဂျော်ဂျီယာတက္ကသိုလ်ရဲ့ လေ့လာချက်တွေအရ
လေ့ကျင့်ခန်း လုပ်တဲ့သူတွေဟာ အမောခံနိုင်တဲ့အပြင်

Sunday, December 14, 2014

ဒီသီချင်းလေးကြိုက်တယ်...


မီးအိမ်တစ်လုံးနဲ့ မျက်မမြင်အဖိုးအို




တစ်ခါတုန်းက တောမြို့ လေးတစ်မြို့ မှာ မျက်မမြင်အဖိုးကြီးတစ်ဦးရှိပါသတဲ့…။ အဖိုးကြီးဟာ ညဘက်အပြင်ထွက်တိုင်း မီးအိမ်တစ်လုံးကို လက်မှာကိုင်ဆွဲပြီး သွားလေ့ရှိပါတယ်…။
ပိန်းပိတ်အောင်မှောင်နေတဲ့ ညတစ်ညမှာ ထုံးစံအတိုင်း မျက်မမြင်အဖိုးကြီးဟာ မီးအိမ်လေးကို လက်ကဆွဲပြီး အပြင်ထွက်လာပါတယ်…။ လူတစ်စုဟာလည်း အဲ့ဒီလမ်းကိုဖြတ်လာတာနဲ့ ကြုံတာပေါ့…။
အဲ့ဒီလူတစ်စုဟာ

Tuesday, December 9, 2014

အပ်ဖြားတစ်ထောက်စာဆိုပေမယ့်



အပ်ဖျားတစ်ထောက်စာဆိုပေမယ့် ဆပ်ပြာပူဖောင်းအတွက်တော့ ဘ၀ကို ပျက်စေတယ်။ ဟိုးရှေးရှေးတုန်းကပေါ့။
တိုင်းပြည်တစ်ပြည်မှာ အရမ်းဆင်းရဲတဲ့ အဖွားအို တစ်ယောက်ရှိတယ်။ သူ့ မှာပိုင်ဆိုင်တာဆိုလို့  လဲပြိုကာနီး တဲ တစ်လုံးရယ် ၊ ညစ်ပတ်ပြီး အရောင်မထွက်တော့တဲ့ ချုပ်ရာ ပလပွ အ၀တ်အစား တစ်စုံရယ် ၊ ကြက်မလေး တစ် ကောင်ရယ်၊ ဒါတွေဘဲသူပိုင်ဆိုင်တယ်။ သူရဲ့ ကြက်မလေးက သူ့ အတွက် နေ့ တိုင်း ကြက်ဥတစ်လုံး ဥပေး တယ်။ အဲဒိကြက်ဥလေးနဲ့ ဘဲ အဖွားအိုက နေ့ တိုင်းသူ့ ရဲ့ စားဝတ်နေရေးကို

“သင်ယူရမဲ့စိတ်”




ပုံပြင်လေးတစ်ပုဒ် ဖတ်မိလိုက်တယ်။ ပုံပြင်ထဲမှာ - ဟိုးရှေးရှေးတုန်းက မျက်လုံးတစ်ဘက်၊ ခြေတစ်ချောင်းသာရှိတဲ့ ဘုရင်ကြီးတစ်ပါးရှိသတဲ့။
တစ်နေ့မှာ ဘုရင်ကြီးက တိုင်းပြည်မှာရှိတဲ့ ပန်းချီဆရာအားလုံးကို သူ့ရဲ့ ပုံတူကို အကောင်းဆုံးအလှပဆုံးဖြစ်အောင် ဆွဲဖို့ ပြောသတဲ့။ ဒါပေမဲ့ ဆွဲပေးမဲ့သူ တစ်ယောက်မှ ထွက်မလာဘူးတဲ့။ ဘယ်ထွက်လာပါ့မလဲ.. ဒီလို မျက်လုံးတစ်ဘက်၊ ခြေတစ်ချောင်းနဲ့ပုံက ဘယ်လောက် လက်ရာမြောက်တဲ့... ပန်းချီဆရာက လှပအောင် ဆွဲပါစေဦးတော့ အကျည်းတန်နေမှာပဲဆိုပြီး

Tuesday, December 2, 2014

ကျင့်ဝတ်

လိုက်နာမှတ်သား ကျင့်ဝတ်များ
လင်ကျင့်ဝတ်(၅)ပါး
၁။ နှိမ့်ချ၍ မဆက်ဆံချင်း ၊ မထီမဲ့မြင် မပြုချင်း ။
၂။ စည်းစိမ်ဥစ္စာကို အပ်နှင်းခြင်း ။
၃။ မယားအငယ် အနှောင်းမထားခြင်း ။
၎။ အ၀တ်တန်ဆာ ဆင်ပေးချင်း ။
၅။ မြတ်နိုးကြင်နာမှုရှိခြင်း ။
{ဆောင်ပုဒ်}
မထီမဲ့ကင်း ၊ အပ်နှင်းဥစ္စာ ၊ မိစ္ဆာမမှား ၊ ၀တ်စား ဆင်ယင် ၊ မြတ်နိုးကြင် ၊
ငါးအင် လင်ကျင့်ရာ။
......................................................................................
မယားကျင့်ဝတ် ( ၅ )ပါး
၁။ ချက်ပြုတ် ချုပ်လုပ်ခြင်း ၊

Monday, December 1, 2014

ပိုမို လှပ ကျန်းမာစေမည့် ရိုးရှင်းသော နည်းလမ်း ၁၂ သွယ်


လေ့ကျင့်ခန်း ပြုလုပ်တာကြောင့် အသက်ရှည်ခြင်း၊ ပျော်ရွှင်စေခြင်း၊ အိပ်ပျော်စေခြင်း၊ ဖိစီးမှု လျော့စေခြင်း၊
နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်နှုန်းကို လျှော့ချ ပေးနိုင်ခြင်း၊ အရေပြား ကျန်းမာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်သလိုပဲ အောက်ပါ နည်းလမ်း လေးတွေကို နေ့စဉ် ဘဝထဲ ထည့်ပေါင်း ပေးတာက သင့်ကို ပိုမိုကျန်းမာ လှပနေစေမှာပါ။
၁။ရာသီဥတု အခြေအနေကို ကြည့်ပြီး အဝတ်အစားကို ဝတ်ဆင်ပါ။ သင့်အတွက် မလိုအပ်တော့တဲ့ အဝတ်အစား တွေကို ရွေးချယ်ပြီး သီးသန့်ခွဲလိုက်ပါ။ ဒါမှမဟုတ် လက်ဆောင် ပေးလိုက်ပါ။
၂။ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်စေမယ့် အဝတ်အစား မျိုးကို

Sunday, November 30, 2014

မြန်မာ့အလင်းသတင်းစာ

1.12.2014 ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာလေးပါ
အောက်တွင်ဒေါင်းနိုင်ပါတယ်ခင်ဗျာ။
 
https://my.pcloud.com/publink/show?code=XZwPI7Z2edb7lal690Twd2sSTeKJ0b8W4Ey

Saturday, November 29, 2014

ချစ်သူရေ ရေမြေတွေခြားနေလည်း

ချစ်သူရေ
ရေမြေတွေခြားနေလည်း
စိတ်အားမငယ်ရဘူးနော်
ချစ်ခြင်းတွေကိုယ်စီ
ရင်တွင်းမှာတည်ရှိနေတာမို့
နေရာဒေသတွေ ထည့်တွေးစရာမလိုဘူးမဟုတ်လား....

ချစ်သူရေ
မိုင်ထောင်ချီဝေးနေလို့

တစ်သက်တာ မျှော်လင့်ချက်



ကျွန်တော့်တစ်သက်မှာ မျှော်လင့်ချက်တစ်ခုပဲရှိတယ်။ အဲဒီမျှော်လင့်ချက်က အမိုးရှိတဲ့အခန်းထဲမှာ ကုတင်တစ်လုံးနဲ့ အိပ်ရဖို့ပါပဲ။

ဘာဖြစ်လို့ ကျွန်တော့်မှာ ဒီလိုမျှော်လင့်ချက်မျိုး ရှိရသလဲ၊ ကျွန်တော်က အိန္ဒိယနိုင်ငံ Kolkata (then Calcutta)မှာနေတဲ့ သူတောင်းစားဖြစ်လို့ပါပဲ။ ကျွန်တော်မွေးပြီး မကြာဘူး အဖေဆုံးသွားခဲ့တယ်။ အမေနဲ့ကျွန်တော် နှစ်ယောက်တည်းပဲနေတယ်။ ကျွန်တော်တို့က လမ်းကျဉ်းလေးတစ်နေရာမှာနေတဲ့ သူတောင်းစားတွေဖြစ်တယ်။

အဖေမဆုံးခင်က လမ်းပေါ်ကရလာတဲ့ ပျဉ်တစ်ချပ်ကို နံရံဖက်ကပ်ထောင်ပြီး ပလတ်စတစ် မိုးပေးခဲ့တဲ့နေရာလေးမှာ ကျွန်တော်တို့နေကြတယ်။ မိုးကြီးရွာတဲ့ ညတွေဆိုရင်

ကျရူံးသူရဲ့ အောင်မြင်မှု


Schulz လို့ခေါ်တဲ့ ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ကျောင်းတက်ရက်တွေကို ပင်ပင်ပန်းပန်းနဲ့ ဖြတ်ကျော်နေရတယ်။ မူလတန်းကတည်းက သူဟာ သင်သမျှ ဘာသာတိုင်းမှာ မင်နီတွေနဲ့ ပြည့်နေတတ်တယ်။ အလယ်တန်းရောက်တော့ သူ့ရဲ့ ရူပဗေဒအမှတ်က အမြဲသုညဖြစ်နေတယ်။ သူဟာ သူတက်တဲ့ကျောင်းမှာ ရူပဗေဒအမှတ် အညံ့ဆုံးအဖြစ် စံချိန်တင်ခဲ့တယ်။ တစ်ခြားသာသာရပ်မှာလည်း အမှတ်တွေ အမြဲနည်းနေခဲ့တဲ့အပြင် အားကစားအမှတ်လည်း ထင်သလောက် မဖြစ်ခဲ့ဘူး။

သူကြီးပြင်းလာခဲ့တဲ့ ဘ၀တစ်လျှောက်မှာလည်း ထုံအတဲ့သူ့မှာ

Friday, November 28, 2014

ပြည်ချစ်တရားစီရင်ရေး

သစ္စာဘက်သား
တရား၊ ဥပဒေ
ရဲ၊ ရှေ့နေနှင့်
သက်သေမကျန်
ဆက်စပ်မှန်သမျှ
ဝိုင်းရံကြိုးပမ်း
ပြည့်ဝန်ထမ်းလျှင်
လမ်းဖြောင့်မှန်ကန်
ဆုံးဖြတ်သံတို့
ပြည်ယံတခွင်
သံသာလွင်၍
ကြည်ရွှင်လန်းဖြာ
ထွန်းပေါ်လာမည်
ပြည်ရွာချစ်သော တရားစီရင်ရေး။

မောင်တင်ဌေး(တရားရေး)

ဘယ်အလုပ်ကိုမှ စလုပ်ဖို့ စိတ်ကူးမရှိဘူးဆိုရင်


ဘယ်အလုပ်ကိုမှ စလုပ်ဖို့ စိတ်ကူးမရှိဘူးဆိုရင် သင်ဝတ်ဆင်ထားတဲ့ အ၀တ်အစားပုံစံကို ဂရုစိုက်ကြည့်လိုက်ပါ။ သင် ကျောင်းဝတ်စုံဝတ်ထားရင်
ကျောင်းစာကို ကောင်းကောင်းသင်လိုက်ပါ။ ကျောင်းသားတစ်ယောက်အတွက် တာဝန်ကျေလိုက်စမ်းပါ။
သင်ရဲ့ လုပ်ငန်းခွင်ဝတ်စုံကို ၀တ်ဆင်ထားပြီဆိုရင် ထိုလုပ်ငန်းခွင်အတွက် သင်အကောင်းဆုံးလိုက်ပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင်အလုပ်လို့ သဘောထား
ပြီး လုပ်ပစ်လိုက်ပါ။ သင် အားကစားဝတ်စုံကို ၀တ်ထားရင်

မြန်မာ့အလင်းသတင်းစာ

နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာလေးပါ
အောက်တွင်းဒေါင်းလော့ ယူနိုင်ပါတယ်ခင်ဗျာ။

DOWNLOAD;    

၎ တန်းနဲ့ ၈ တန်း စားမေးပွဲ စနစ် ပြောင်းမယ်


မြန်မာ နိုင်ငံ အခြေခံ ပညာရေးမှာ စတုတ္ထတန်း (၄ တန်း) နဲ့ အဌမတန်း (၈ တန်း)စာမေးပွဲကို ကျတဲ့ ဘာသာ ရပ်ကို ပြန် ဖြေခွင့် ပေးတဲ့ စာမေးပွဲ စနစ်ကို အခု နှစ်မှာ စတင် ကျင့်သုံးမှာ ဖြစ်ပါ တယ်။

၎ တန်း နဲ့ ၈ တန်းကို ကျောင်းစစ် အနေနဲ့ စာမေးပွဲ စစ်ဆေးမှာ မဟုတ်ဘဲ၊ ၄ တန်း အဆင့် စာမေးပွဲ ကို ခရိုင် အဆင့် ကျောင်း ပေါင်းစုံ ဘုတ် အဖွဲ့နဲ့ မေးခွန်း ထုတ်တာ၊ အဖြေလွှာ စစ်တာတွေ လုပ်မှာ ဖြစ်ပါတယ်။

၈ တန်း ကိုတော့ တိုင်းအဆင့် ကျောင်းပေါင်းစုံ

ခူကောင်လေးတွေရဲ့ ပုံပြင်




ထင်းရှုးပင်ပေါ်ကခူကောင်တွေဟာ ပါးစပ်ထဲက အမျှင်တွေထုတ်ပြီး အပင်ပေါ်မှာ အသိုက်ဖွဲ့နေကြတယ်။ ညနေစောင်းချိန်မှာ သူတို့ဟာ အသိုက်ထဲကထွက်လာပြီး ထင်းရှူးရွက်တွေကို စားဖို့ အစာရှိရာကိုစီတန်း သွားတတ်ကြတယ်။ နောက်လိုက်ခူတွေက ခေါင်းဆောင်သွားရာလမ်းအတိုင်း ထပ်ကြပ်မခွာ တညီတညွှတ်နဲ့ တန်းစီပြီးလိုက်ကြတယ်။

ဦးဆောင်တဲ့ခူကောင်က ရှေ့ကသွားရင်း ပိုးမျှင်တွေကို သွားရာလမ်းတစ်လျှောက် ထွေးထုတ်ခဲ့တယ်။ ဒါမှ ဘယ်ကိုရောက်ရောက်၊ ဘယ်လောက်ဝေးတဲ့ခရီးဖြစ်ဖြစ်အပြန်မှာ သူတို့ဟာ လမ်းမမှားတတ်ကြတော့ဘူး။

ပြင်သစ်နိုင်ငံ အင်းဆက်ပိုးမွှားဗေဒ ပညာရှင် Jean-Henri Fabre(၁၈၂၃-၁၉၁၅)က စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်။ တန်းစီတွားနေတဲ့ ခူကောင်တွေကို သူက ပန်းအိုးကြီးတစ်လုံးဆီ မျှားခေါ်လာခဲ့တယ်။ ခူကောင်တွေ ပန်းအိုးကို တစ်ပတ်ပတ်ပြီးချိန်မှာ

“ပူဖောင်းနီလေး မတွေ့တော့ပါ”


ဒီပုံပြင်လေးက အခြားကလေးပုံပြင်လေးလိုပါပဲ.. ပုံပြင်က အပြစ်ကင်းဖြူစင်ပြီး ချစ်စရာတွေနဲ့ ပြည့်နှက်ပါတယ်။ စာမျက်နှာတိုင်း ချစ်စရာကောင်းနေပါတယ်။ ပြီးတော့ ပုံပြင်ကို ကြွက်ကလေးတစ်ကောင်နဲ့ စထားပါတယ်။ ကြွက်ကလေးရဲ့နာမည်က “အာပု”လို့ခေါ်တယ်။

အာပုက ကြွက်မည်းလေးတစ်ကောင်ပါ.. ဒါပေမယ့် သူ့ဆီမှာ မိုးပျံပူဖောင်းနီလေးတစ်လုံးရှိပါတယ်။ ပူဖောင်းဝိုင်းဝိုင်းလေးကိုအာပုအမြဲတွဲထားတယ်၊ ရင်ခွင်ထဲထည့်ထားတယ်။ အာပုဘယ်နေရာသွားသွား ပူဖောင်းကိုအမြဲယူဆောင်သွားတယ်။ အဲဒီမြင်ကွင်းလေးကို ကျွန်မတို့မြင်ယောင်ကြည့်လိုက်ပါ။ ဒါဟာ ကာတွန်းပုံပြင်လေးတစ်ပုဒ်
ဖြစ်တာကြောင့် တွေးမကြည့်လည်း

ရီးရဲမက်ဒရစ် အောင်ပွဲ

ရီး ရဲ မက် ဒ ရစ် အ သင်း ဟာ ချန် ပီ ယံ လိဂ် တွင် ဘေ ဆယ် အ သင်း ကို အ နိုင် ရ ရှိ ပြီး နောက် ၁၅ ပွဲ ဆက် နိုင် ပွဲ ရ ရှိ တဲ့ စံ ချိန် ကို တင် နိုင် ခဲ့ ပါ တယ် 2011-12 1960-61 ခု နှစ် တွေ မှာ လဲ ထို ကဲ့ သို့  ၁၅ ပွဲ ဆက် နိုင် ပွဲ ရ ရှိ ခဲ့ တယ် လို့  သိ ရ ပါ တယ်
>>>JF<<<

အောင်မြင်ခြင်းသို့သွားတဲ့လမ်း



အောင်မြင်ခြင်းဆီသွားတဲ့လမ်းက ကွေ့ကောက်လွန်းတယ်။
တကယ်လို့ အလုပ်တစ်ခုကို လက်ဗလာနဲ့ သင်သတ္တိရှိရှိစရဲခဲ့ရင် ဘယ်အခြေအနေရောက်ရောက် မိမိကိုယ်ကိုယ်ယုံကြည်မှုကို မပျောက်ပျက်စေပါနဲ့တော့။

ရှုံးနိမ့်မှာကိုကြောက်ပြီး ခြေတစ်လှမ်းမရွေ့ခဲ့ရင် နဂိုနေရာမှာတင် သင်ရပ်ကျန်ရစ်နေလိမ့်မယ်။

သတ္တိ၊ ယုံကြည်ချက်နဲ့ လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့အရာကို ရဲရဲလုပ်ဆောင်ရင် ခွန်အားတွေက အလိုလိုပြည့်လာတတ်ပါတယ်။ အခွင့်ကောင်းအခါကောင်းရောက်လာချိန် အသိဉာဏ်ဆိုတဲ့အတောင်ပံရဲ့အကူကိုလည်းယူ ဇွဲလုံ့လနဲ့ယုံကြည်မှုကိုလည်း ဆုပ်ကိုင်ထားရင် ကောင်းကင်အမြင့်ထက်ဆီ သင်ပျံသန်းနိုင်ပါတယ်။

အိမ်ရိုက်သံ


ဟိုတုန်းက အင်မတန်မှ စိတ်တို၊ စိတ်ဆတ်တဲ့ ကောင်လေး တစ်ယောက်ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို အိမ်ရိုက်သံတစ်ထုပ် ပေးလိုက်ပြီး ပြောပါတော့တယ်။
မင်းတစ်ခါ စိတ်တိုတိုင်း သံတစ်ချောင်းကိုနောက်ဖေး က ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။

အဖေက အဲဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ ၀င်းထရံတိုင်မှာ သံပေါင်း ၃၇ ချောင်းရိုက်သွင်း ဖြစ်သွားတယ်။ အဲဒီလိုနဲ့သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ သူ့စိတ်သူ ထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း

သရဖူ အသိမ်းခံခဲ့ရတဲ့ အလှမယ် ဂျူးစံသာ ဒီတခါတော့ တကယ်သွားပြိုင်ရပြီ


လွန်ခဲ့တဲ့ လေးလလောက်က Miss Globe Myanmar 2014 အဖြစ် ရွေးချယ်ခံထားရပြီး တူရကီနိုင်ငံကို သွားပြိုင်ခါနီး ၁၀ ရက်လောက်အလိုမှ 

Organization ဘက်က သရဖူ (crown) ပြန်သိမ်းခဲ့လို့ သွားမပြိုင်လိုက်ရတဲ့ အလှမယ် ဂျူးစံသာကို မှတ်မိကြဦးမလားပဲ။ 

ဒီလို အသိမ်းခံခဲ့ရတဲ့အကြောင်းဟာ ဖေ့ဘုတ် လူမှုကွန်ရက်တွေမှာ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားခဲ့လို့ နောက်ပိုင်းအလှမယ်တွေ မယ်အဖြစ် အရွေးခံရရင်တောင် “ကရာင်းအသိမ်းခံရမယ်နော် ကိုယ့် ကရာင်းကိုယ်ဖွက်ထား” ဆိုတဲ့ အထင်တွေ အမြင်တွေလည်း ပလူပျံနေခဲ့တာ ဒီကနေ့အထိပေါ့။

သူမဟာ ဒီတခါတော့ Miss Tourism Myanmar 2014 အဖြစ်

မြန်မာ ထိုင်းပွဲအတွက်ပွဲကြိုသတင်းစာရှင်းလင်း


နည်းပြများ၏ပွဲကြို ပြောစကား

ရက်ဒီအဗရာမိုဗစ် ( မြန်မာ)
" စင်္ကာပူနဲ့ပွဲ မှာ ကျနော်တို့  ခံစစ်ပိုင်းက လွယ်လွယ်ကူကူ ဂိုးတွေပေးခဲ့ရတယ်။ ထိုင်းနဲ့ ပွဲဟာ မလွယ်ကူပါဘူး
ခံစစ်ကို ပြန်ပြီး ပြု ပြင် ရပါမယ်။ ကျနော့်ကစားသမား တွေ အာရုံစူးစိုက် မှုကောင်းကောင်းနဲ့ါ့် ကြိုးစားရပါမယ်။ တိုက်စစ်ပိုင်း က ဒုတိယပိုင်းမှာ ပုံစံကောင်း ရခဲ့ပြီးသွင်းခဲ့တဲ့ဂိုးတွေဟာ တကယ်အဆင့်မြင့်ပါတယ်။ ထိုင်းပွဲမှာ ပွဲချိန်ပြည့် ဒီလိုကစားနိုင်အောင် ကြိုးစားရပါမယ်။ကျနော့် ကစားသမားတွေလည်း

''ထာဝရ ကုသိုလ် ( ၆ ) မျိုး ''


၁။ သစ်သီးဝလံ ပန်းမန်စိုက်ပျိုး၍
လှူဒါန်းခြင်း။
၂။ အရိပ် ရသစ်ပင် များ စိုက်ပျိုး၍
လှူဒါန်းခြင်း။
၃။ တံတားဆောက်၍ လှူဒါန်းခြင်း။
၎။ ရေအိုးစင် တည်၍လှူဒါန်းခြင်း။
၅။ ရေတွင်း ရေကန် တူးဖော်၍
လှူဒါန်းခြင်း။
၆။ ဇရပ် တန်ဆောင်း ကျောင်း
ဆောက်လုပ်၍ လှူဒါန်းခြင်း။

ကျေးဇူးတင်ပါ


သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။

သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။

သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။

သင့်အား စွန့်လွှတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။


Nine Nine Sanay @ နိုင်းနိုင်းစနေ

ချိုင်းမဲခြင်းကို သံပုရာသီးနဲ့ ကုသခြင်း


အရမ်းလွယ်ပြီး အရမ်းလည်း ထိရောင်မူ အပြည့်ရှိလို့ မျှဝေ ပေးလိုက်ပါပြီ။
အဲဒါကတော့ ချိုင်းမဲသူများ အတွက် ကောင်းမွန်တဲ့ နည်းလမ်းပင် ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများ ချိုင်းမဲနေတယ် ဆိုရင် အတော်လေး ကြည့်ရဆိုး ပါတယ်။ ဒီနည်းကတော့ သင့်အတွက် အကောင်းဆုံး ဖြစ်မယ်ထင် ပါတယ်။

ချိုင်းမဲနေတယ်ဆိုရင် သံပုရာသီး တစ်ခြမ်းဖြင့်

အသရေဖျက်မှု ( Defamation) မမြောက်ကြောင်းထုချေနိင်သည့် ကင်းလွတ်ချက်မျာ အကြောင်း ဥပဒေဗဟုသုတ။



လူတစ်ဦးတစ်ယောက် လူပုဂ္ဂိုလ်သိက္ခာ၊ လုပ်ငန်းသိက္ခာ၊ တို့ကိုကျဆင်းအောင်၊ ထိခိုက်အောင်၊ပြောဆိုခြင်း၊ရေးသားခြင်း၊

အမှတ်အသား၊ အမူအရာ၊ တို့ဖြင့်ပြုလုပ်ဆောင်ရွက်လျှင် ဂုဏ်သရေ ထိခိုက် စွပ်စွဲခံရသူက တရားလိုပြုလုပ်၍အသရေထိခိုက် ပျက်ပြားအောင်ပြုလုပ်ဆောင်ရွက်သူ အပေါ်ပြစ်မှုကြောင်းဖြင့် လည်းကောင်း၊ တရားမကြောင်းဖြင့်လျော်ကြေးငွေတောင်း
ဆိုခြင်းဖြင့်လည်းကောင်း၊ တရားရုံးများတွင်တရားစွဲကြပါသည်။

အသရေဖျက်မှုဖြင့်စွပ်စွဲခံရသူ အနေဖြင့်မိမိ၏ပြုလုပ်ဆောင်ရွက်မှုသည်

Thursday, November 27, 2014

Mobile Guide Journal Issue 180

မိုဘိုင်းဂိုက် ဂျာနယ်လေးပါ 
သူငယ်ချင်းများအားလုံး ဖတ်ရှူ့ နိုင်ရန် အတွက် ပါ။
အောက်တွင်ဒေါင်းလိုက်ပါ။

Download  ; Link 1

ပိုးကောင်နှစ်ကောင်ရဲ့ပုံပြင်


ဒီလိုထူးဆန်းတဲ့ ပိုးကောင်တစ်မျိုးရှိခဲ့တယ်။ အဲဒီပိုးကောင်ကို **FuBan(蝜蝂)လို့ခေါ်တယ်။ FuBanဟာ တွားသွားချိန်မှာ တွေ့သမျှအရာအားလုံး သူ့ကျောပေါ်ပစ်တင်ရတာကို နှစ်သက်တဲ့ပိုးကောင်ဖြစ်တယ်။ စားလို့ရမှန်းမသိ၊ စားလို့ကောင်းမှန်းမသိ လမ်းပေါ်တွေ့သမျှအရာတွေ သူ့ကျောပေါ်ကောက်တင်တတ်လို့ Fubanဟာ ပစ္စည်းတွေပိပြီး ရှေ့ဆက်ဖို့ ခြေလှမ်းတွေ ခက်ခဲနှေးကွေးခဲ့ရတယ်။ ဒါပေမယ့် Fubanဟာ ခေါင်းထောင်ပြီး လေးလံတဲ့ပစ္စည်းတွေနဲ့ မောမောပန်းပန်း မရပ်မနား ရှေ့ဆက်တွားနေတတ်တယ်။
Fubanဟာ လောဘကြီးတဲ့ပိုးကောင်ဖြစ်တယ်။
Fubanရဲ့နောက်ကျောဟာ ချောမွတ်မနေအောင်

အမျိုးသားများ အတွက် ဆီးလမ်းကြောင်း ရောဂါကနေ ကာကွယ်ဖို့ အလိုအပ်ဆုံး အစာငါးမျိုး


အမျိုးသမီးငါးဦးမှာ တစ်ဦးဟာ ဆီးလမ်းကြောင်း ရောဂါရလေ့ရှိတယ်။ တကယ်တမ်းမှာ တစ်ကိုယ်ရေ သန့်ရှင်းရေးနည်း မမှန်လို့ ဖြစ်တာပါ။ ဆီးဖျော်ရည် သောက်ပေးရင် ဆီးကျင်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

ဒီလိုပဲ အမျိုးသားတွေအတွက်လည်း ဆီးလမ်းကြောင်း ရောဂါကနေ ကာကွယ်ဖို့ အစားအစာငါးမျိုး ရှိပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီး ဖျော်ရည် သို့မဟုတ် ခရမ်းချဉ်သီး ဆော့နှစ်ထားတဲ့ ပီဇာမုန့်တွေ များများစားရင် ဆီးကျိတ်ကင်ဆာကို

နားသန့်ရှင်းရေး လုပ်ရန် သိထားသင့်သော အချက် (၇) ချက်


မိခင် အတော်များများက မိမိတို့၏ သားသမီးများကို မကြာခဏ နားသန့်ရှင်းရေး လုပ်ဆောင်ပေးသည်ကို မြင်ဖူး၊ ကြုံဖူးကြပေမည်။ ထိုနားသန့်ရှင်းရေးကို ဘာကြောင့် လုပ်ဆောင်ရသည်၊ နားကိုမည်သို့ သန့်ရှင်းအောင် လုပ်ရမည်ကို သိထားသင့်သည်။

(၁) နားသန့်ရှင်းရေး ဘာကြောင့်လုပ်ရသလဲ။

- နားမသန့်ရှင်းသူသည် မိမိကိုယ်ကိုယ် ညစ်ပတ်သူအဖြစ် ပေါ်လွင် ထင်ရှားစေသည်။ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုမစိုက်သူဖြစ်သည်။

စိတ်ဖိစီးမှုတွေ ခံစားနေရသူတွေအတွက် လျော့ပါးသက်သာသွားစေမယ့် အချက် (၅) ချက်


လူတစ်ယောက် စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အခါ စိတ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားကာ ဖြစ်နေတဲ့ ခံစားချက်တွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားရမှာပါ။ ဒီလိုပြောတဲ့အခါ ပြောတာတော့ လွယ်တာပေါ့လို့ ထင်စရာရှိပါတယ်။ အဲ့ဒီမဖြစ်ရအောင်တစ်ချက်ချင်းစီ ရှင်းပြပေးပါ့မယ်။

၁။ခရီးသွားတဲ့အခါ

အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ


တခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တပါး နန်းတက်ခဲ့တယ်……ထိုတိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်းအင်အားကြီးပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်…..ထိုဘုရင်ကြီးဟာ တိုင်းပြည်ငယ်လေး ကိုသိမ်းပိုက်ချင်ပေမဲ့ ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့အတွေးအ ခေါ်တွေကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်ပါတယ်…..အဲ့ဒီအခွင့် အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ….

ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ ပြောလိုက်ပါတယ်….

ရည်းစားနဲ့ပြတ်သွားလို့ လမ်းမှားမရောက်စေချင်ဖူး


-----------———-----------

တချို့တွေရှိတယ် ၊၊ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပစ်သွားလို့ စိတ်ညစ်ပြီး အရက်တွေသောက်ကြတယ် ၊၊ club တွေတက် , မကောင်းတာတွေအကုန်လုပ် , သောက်စားမူးရူးပြီး ရန်တွေဖြစ် , အဲ့လိုနဲ့ ကိုယ့်ဘဝကို အနစ်မွန်းခံကြတယ် ၊၊

တချို့ကျတော့လည်း တမှိုင်မှိုင် တတွေတွေနဲ့ , အလုပ်လည်းမလုပ်နိုင် မစားနိုင် မသောက်နိုင် မအိပ်နိုင်နဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်ကြတယ် ၊၊

Wednesday, November 26, 2014

Dandelion

Dandelionလို့ခေါ်တဲ့ တောရိုင်းပန်းလေးတစ်ပွင့်က ကောင်းကင်ကြီးကို
မော့ကြည့်ပြီး "ဝါး... ကောင်းကင်ကြီးက ပြာလဲ့ပြီး အပြောကျယ်လိုက်တာ.. ကောင်းကင်ပေါ်အထိပျံသန်းဖို့ ကျွန်တော်တို့ အခွင့်အရေး ရှိပါ့မလား" လို့ မေးခဲ့တယ်။

တောရိုင်းပန်းမေမေက "ရှိတာပေါ့.. မြန်မြန်ကြီးပြင်းကြပြီး လေနဲ့အတူ ပျံသန်းသွားနိုင်ပြီ" လို့ ပြောတယ်။

"ဒီလိုဆိုရင် ကျွန်တော်တို့ နေရာအနှံ့ ကြည့်လို့ရပြီနော်.. သိပ်ကောင်းတာပဲ"

ဆောင်းရာသီတွင် အသားအရေ ခြောက်သွေ့ခြင်းမှ ကာကွယ် နိုင်ရန်....



ဆောင်းရာသီတွင် အသားအရေ ခြောက်သွေ့ခြင်းမှာ မလွဲမသွေ ကြုံတွေ့ရမည့် ပြဿနာ တစ်ခု ဖြစ်သည်။

ဆောင်းရာသီတွင် အပူချိန် ကျဆင်းခြင်း၊ လေထုထဲ၌ ရေငွေ့ ပါဝင်မှု နည်းခြင်း၊ အေးစက်သော လေပြင်းများ တိုက်ခတ်ခြင်းတို့က သင့်အသား အရေရဲ့အဆီဓာတ်ကို ခန်းခြောက်စေပြီး အသားအရေ ခြောက်သွေ့ခြင်းကို ဖြစ်ပွား စေပါသည်။ ထို့ကြောင့် အသားအရေ ခြောက်သွေ့ခြင်း မဖြစ်စေရန်

(၁) အသားအရေကို ရေဓာတ်ပြန်လည် ဖြည့်တင်းပေးသော ပစ္စည်းများသုံးပါ။

ထိုကဲ့သို့ ရေဓာတ်ပြန် ဖြည့်ပေးသော (moisturizer) များကို ရွေးရာ၌ ရေကို အခြေခံသော

90Minutes ဂျာနယ်

   ယခုအပတ်ထုတ် 90:00 Minutes ဂျာနယ်
Vol-06, No-47အား Download ယူနိုင်ပါပြီခင်ဗျာ......

      Download  link 1
      Download link 2


                                                                   စိတ်ကူးပျော်ရာ...


မင်္ဂလာနံနက်ခင်းလေးပါ.....

     အားလုံးသော ညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ များအားလုံးကောင်းမွန်သော သာယာလှပသော နံနက်ခင်းလေးမှာ မင်္ဂလာ အပေါင်းနှင့် ပြည့်စုံကြပါစေလို့ စိတ်ကူးပျော်ရာ
ဘလော့လေးမှ နှုတ်ခွန်းဆက်သပါတယ်.....
     မင်္ဂလာရှိသောနံနက်ခင်းလေးမှစကာ စိတ်သွားတိုင်းကိုယ်ပါပြီး ခွန်းအားသစ်များဖြင့် လန်းဆန်းတက်ကြွစွာ မိမိတို့ တာဝန်ကျရာ လုပ်ငန်းခွင်များကို ဝင်ကြပါစို့............

အားလုံးအဆင်ပြေချောမွေ့ကြပါစေ

သူငယ်ချင်းမိတ်ဆွေများအားလုံး မင်္ဂလာပါ....

             ကျွန်တော် ဒီဘလော့လေးကို အများအတွက် စိတ်ကျန်းမာရေးရသများနှင့် ပညာဗဟုသုတများ ရရှိစေရန် ကျွန်တော် သိထားသော အသိပညာလေးများကို မျှဝေရန် ပြုလုပ်ထားခြင်းဖြစ်ပါတယ် ခင်ဗျာ...



                                                                            အားလုံးကိုလေးစားလျှက်
                                                                                             စိတ်ကူးပျော်ရာ




Related Posts Plugin for WordPress, Blogger...