Tuesday, June 14, 2016

အမျိုးသားများ မြုံရခြင်းအကြောင်း သိကောင်းစရာ


အိမ်ထောင်ပြုပြီးနောက် မျိုးပွားခြင်း (သားသမီး ယူခြင်း)ဟာ ဇနီးမောင်နှံတွေအတွက် မထူးဆန်း တဲ့ဖြစ်စဉ်ပါ။ ဒါပေမယ့် အိမ်ထောင်သက် တစ်နှစ်ကျော်ကြာ လာတာတောင် သားသမီး ပွားစီးမလာနိုင် တာကြောင့် နားလည် ကျွမ်းကျင်သူ ဆရာဝန်တွေနဲ့ဆေး စစ်ကြည့်တော့မှ ဥပမာ အိမ်ထောင်သည် ငါးစုံမှာ တစ်စုံ က ယောကျာ်းဖြစ် သူရဲ့  ကျားသဘာဝ မစွမ်းဆောင်နိုင် (မြုံ)နေတာကို ကြုံတွေ့ ကြရပါတယ်။ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ ရှိ North Middlesex ဆေးရုံက ဆေးဘက် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ စုံတွဲပေါင်း ၇၃ တွဲကို လေ့လာတွေ့ ရှိချက် အရ တစ်နာရီ အတွင်း နှစ်ကြိမ်တိုင် ချစ်တင်းနှောခြင်းက ကိုယ်ဝန် ရနိုင်ခြေ သုံးဆများစေကြောင်း၊ အမျိုးသမီးများ ဓမ္မတာကာလတွင် အမျိုးသားများအနေဖြင့် ချစ်တင်းနှောခြင်း ကိုရှောင် သင့်ကြောင်း၊ ဓမ္မတာမလာမီ နှစ်ရက်ခန့်ကတည်းက လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ထားမှသာ မျိုးအောင်နိုင်ခြေများသည့် သုက်ပိုး များကို
ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါလေ့လာမှုအရ တစ်နာရီအတွင်း နှစ်ကြိမ်ထုတ်ယူထားသော သုက်ပိုးတွေမှာ ဒုတိယအကြိမ်မြောက် သုက်ပိုးများက ပိုမိုလတ်ဆတ်ပြီး အရည်အသွေးကောင်းမွန်ကာ မျိုးအောင်နိုင်ခြေများသော သုက်ပိုးများဖြစ်ကြောင်း ဆေးသုတေသီများက တင်ပြထားပါ တယ်။
အမျိုးသား မျိုးပွားအင်္ဂါအဖွဲ့ အစည်းကို testes(ခေါ်)သုက်/ဟိုမုန်း တွေကိုထုတ်ပေးတဲ့ဥတစ်စုံ၊ ထို ဥတစ်စုံပေါ်က ducts (ခေါ်)ဖို အင်္ဂါသုက်ပြွန် တစ်ခုနဲ့အတူ အဲဒီသုက်ပြွန်ရဲ့ အတွင်းပိုင်းတလျှောက် ဂလင်းတွေနဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦးရဲ့ testes ဥအရွယ်ဟာ ခန္ဓာကိုယ်ကြီးထွားမှုပေါ်မူတည်ပြီး ၁၅ မီလီလီတာ မှ ၃၅ မီလီ လီတာ အထိ ရှိတတ်ပါတယ်။ မျိုးပွားအင်္ဂါအရွယ်အစားလူစဉ်မီနေပြီး ဖို-မ ဆက်ဆံရာမှာလည်း တစ်စုံတစ်ရာ ပြဿနာမဖြစ်၊ သုက်သွေးလွှတ်နိုင်ပါလျက်နဲ့ အမျိုးသားတွေမြုံရခြင်းအကြောင်းကတော့
(၁) သုက်ရည်ထွက်ရှိမှုပမာဏ နည်း(ခန်း)ခြင်း၊
(၂) သုက်ရည်ထွက်ရှိမှု မနည်းသော်ငြား သုက်ကောင်ရည် ပမာဏနည်းပါးခြင်း၊
(၃) သုက်ကောင်ရည်ပမာဏ မနည်းသော်ငြား အရေ အသွေး ပြည့်ကျမ္မာတဲ့ သုက်ကောင်မဟုတ်ခြင်း၊
(၄) သုက်ရည်ပြွန်ပိတ်ဆို့ နေခြင်း၊
(၅) လိင်ဆက်ဆံစဉ် အနေအထား ပုံစံမှားယွင်းနေခြင်း၊
(၆) ဖိုအင်္ဂါ တွင်းရှိ ဂလင်းပြဿနာများ၊
(၇) ခန္ဓာကိုယ်တွင်းအပူဓာတ်များလွန်းခြင်း၊
(၈) အမျိုးသားအင်္ဂါပိုးဝင်ခြင်း၊
(၉) မျိုးရိုး ဗီဇပြဿနာ၊
(၁ဝ) မွေးရာပါ testes ရောဂါ၊
(၁၁) ကပ္ပာယ်အိတ်ပုံသဏ္ဍာန်မမှန်(လိမ်ကွေးနေခြင်း)၊
(၁၂) ရောဂါ တခုခုကြောင့် သောက်သုံးနေရတဲ့ ပိဋိဇီဝဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုး၊
(၁၃) ရောဂါတစ်ခုခုကြောင့် ဓာတ်ရောင်ခြည်ဖြင့် ကုသခံထားရသူ ၊
(၁၄) ဖို-မ ဆက်ဆံသည့်အကြိမ်ရေနည်းလွန်းခြင်း၊
(၁၅) ဆီးကြိတ်ရောဂါရှိသူ(သို့ မဟုတ်) ဆီးကြိတ်ခွဲစိပ်ခံထားရသူ၊
(၁၆) ကျောရိုးဝေဒနာရှိသူ၊
(၁၇) အာရုံကြောအားနည်းခြင်း၊
(၁၈) အိပ်ချိန်မမှန်ခြင်း(နေ့ဘက်အိပ်ပြီး ညဘက် အလုပ် လုပ်ရသူများ)၊
(၁၉) စိတ်ဖိစီး မှုများခြင်း၊
(၂ဝ) နေ့စဉ်ညဆက် ဆိုသလို ဖို-မ ဆက်ဆံမှုအကြိမ်ရေများလွန်းတာကြောင့် သုက်ရည်လိုက်မှုအားနဲလာခြင်း၊
(၂၁) မကြာခဏ သူ့အလိုလို သုက်ယိုစိမ့်ခြင်း၊
(၂၂) သုက်လွှတ်မြန်ခြင်း၊
(၂၃) သားကြောဖြတ်ပြီးပြန်ဆက်ထားသူများစသည်တို့ကြောင့် ဖြစ်ပါတယ်။
အထက်ပါ ပြဿနာအချို့ကို သက်ဆိုင်ရာ ဆရာဝန်ရဲ့ လမ်းညွှန်ချက် အတိုင်း ပုံမှန်ဆေးစား/ဆေးထိုး/ခွဲစိတ်/လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကျား သဘာဝစွမ်းဆောင်လာနိုင်ပြီး သားသမီးထွန်းကားလာနိုင်တာကြောင့် စိတ် ဓာတ်မကျပါနဲ့။ ဆရာဝန်ရဲ့ဆေး ကုသမှုကိုခံယူရင်း အောက်ပါရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံး(ဓာတ်စာ)လေးများဖြင့် ကြိုးစားကြည့်စေလိုပါတယ်။
သုက်ကို ပွားစေသော ဓာတ်စာများ
(၁) ကန်စွန်းရွက်၊ (၂) ကြက်သွန်ဖြူ၊ (၃) ခိုသား၊ (၄)ငါးကျည်း(ငါးကျီး)၊
(၅) နံ့သာပုဌက်ပျောသီး(မှည့်မှည့်)၊ (၆) စာကလေး၊ (၇) ပိန္နဲသီးအမှည့်၊
(၈) ပဲလင်ြးေ>ွမသီး(ခေါ်)ဗုံလုံသီး၊ (၉) ပဒတ်သား၊ (၁ဝ) ဗူးသီး၊ (၁၁) ဖရဲသီး၊
(၁၂) ရစ်ငှက်သား၊ (၁၃) ဝမ်းဘဲသား၊ (၁၄) သမင်သား၊ (၁၅) ထောပတ်သီး၊
(၁၆) ကြက်သွန်နီ၊ (၁၇) ကြာစေ့၊ (၁၈) ၁⁄၂ုံးပတီသီး၊ (၁၉) အုန်းသီး၊
(၂ဝ) ထန်းမြစ်(ထန်း ပင်မြစ်)၊ (၂၁) လက်ပံပွင့်စသည်တို့ ဖြစ်ပါတယ်။
ပန်းသေး၊ ပန်းညှိုးခြင်းအတွက်ဆေးမြီးတိုများ
(၁) ဒန့်သလွန်မြစ်နဲ့ ပရံနဝါတို့ကို အမှုန့်ပြု၍ အုန်းနို့၊ ပျားရည်တို့ ဖြင့်ရောချက်ပြီး နံနက်-ည တစ်ဇွန်းစီသောက်ပါ။ (ကာမခွန်အား တိုးပွား စေပါတယ်)၊ (၂) သုက်အားနည်းသူများ ခွေးလှေးယားစေ့၊ ဆူးလေစေ့၊ သကြားတို့ကို ဆတူရော အမှုန့်ဖြစ်ေ အာင် ထောင်းပြီး နေ့စဉ် ၆-ပဲ သားခန့်စားပြီး နောက် နွားနိ့ ပူပူသောက်ပါ၊ (၃) ခွေးလှေးယားသီးနု(အစိမ်း)ကို အရိပ် ထဲမှာ ခြောက် အောင်လှန်းပြီး နွားနို့ ၂၅-ကျပ်သားနဲ့  ရောကျို၍ နေ့စဉ် တစ်ဇွန်းကျ မှီဝဲသောက်သုံးပါ (သုက်ရည်ယိုခြင်းနဲ့ ကာမကြော အားပြော့သူများကို ကောင်းကျိုးပြုပါတယ်)၊ (၄) ညဥ့်အိပ်မက်၍ သုက်လွှတ်ရောဂါရှိသူများ၊ သုက်မြန်သူများ၊ သုက်ဓာတ်အားနည်းသူများ အဖို့ ခွေးလှေးယားစေ့ တစ် ကျပ်သား၊ မိကျောင်းကွမ်းဖတ် တစ်ကျပ်သား၊ သကြား နှစ်ကျပ်သား ရောကာ အမှုန့်ပြု၍ နေ့စဉ် ခြောက်ပဲသားခန့်ကို နွားနို့ပူပူဖြင့် သောက်ပါ၊ (၅) ခွေးလှေးယား ပင်မြစ် နှစ်ပဲသားခန့်ကို ဖြတ်ယူ၍ ရေစင်စင် ဆေးပြီး ဖို-မ ဆက်ဆံနေစဉ် ထို အပင်မြစ်ကို ပါးစပ်ထဲ ထဲ့ငုံထား ခြင်းဖြင့် သုက်လွှတ်ခြင်းကို ကြာကြာထိန်း ထားနိုင်ပါတယ်၊ (၆) ဂျုံမှုန့်ကိုခွေးလှေးယားစေ့နဲ့  ရောချက်၍ အေးအောင်ထား ပြီးနောက် ထောပတ်ရောသောက်ပါ။ ပြီးရင် နွားနို့ ပူပူသောက် ပေးခြင်းဖြင့် ကာမ အားတိုးစေပါတယ်၊ (၇) မြင်းခွာရွက် လေးကျပ်သား၊ ငရုပ်ကောင်း တစ်ကျပ်သားကို အမှုန့်ပြု၍ ပျားရည်ဖြင့် နံနက်/ည ခြောက်လတိတိ စားပေးခြင်းဖြင့် ခွန်အားဗလကြီး၍ လူပျိုအရွယ်ကဲ့သို့ စွမ်းဆောင်နိုင်ပါတယ် (သို့ ) မြင်းခွာရွက် ကိုအရည် ညှစ်၍ ပျားရည်၊ သကြားတို့နှင့် သောက်ပေးခြင်းက ခွန်အားတိုးပွားစေပြီး အမောအပန်းခံနိုင်ပါတယ်၊ (၈) ပန်းသေပန်းညှိုး ရောဂါရှိသူများ ငါးဖရိုးကိုမီးကင်ပြီး ကြိတ်မှန်ရွက်ဖြင့် အသုပ်သုပ်စားပါ၊ (၉) ကျွဲခေါင်း သီးကို မှုန့်ညက်နေအောင်ပြု ပြီး နွားနို့ဖြင့်စိမ်သောက်ပေးခြင်းဖြင့် သုက်ခမ်း ရောဂါပျောက်ကင်းပြီး သုက်ဓာတ် ပွားလာစေပါတယ်၊ (၁ဝ) ငရန့်ပတူပင် အမြစ်ကို ပြစ်ပြစ်သွေး၊ နှမ်းဆီနဲ့ရောပြီး တကိုယ်လုံးလူးပေးခြင်းဖြင့် အားကုန် ခန်းခြင်းကို မဖြစ်စေတော့ပါဘူး၊ (၁၁) ကာမသတ္တိလျော့ နည်းသူများ ကျည်းနီ သီးအဆန်ကို ဘူးသီးအနှစ်ဖြင့်ရောကြိတ်ပြီး လိင်တံမှာ လိမ်းကျံပေးခြင်းဖြင့် ကြီးထွားတောင့်တင်းခိုင်မာလာစေပါတယ်၊ (၁၂) ပန်းသေရောဂါအတွက် ကျည်းနီသီး အဆန်ကို ပေါက်ပန်းဖြူ သတ္တုရည်ဖြင့် တွဲဖက်သောက်ပါ၊ (၁၃) ခွေးတောက်ရွက်က သွေးကိုပွားစေပြီး ကာမကိုအားပေးတာကြောင့် ခွေးတောက်ရွက်ကို ဘဲဥနဲ့ကြော်စားပါ၊ (၁၄) ဖန်ခါးသီးကို အမှုန့်ပြုလုပ်၍ ပျားရည်၊ ထောပတ်တို့နှင့်ရောနှောသောက်သုံးပါက ခွန်အားဖြစ်စေပါတယ်၊ (၁၅) လိင် သန်မာကြီထွားစေဖို့ ထိကရုံးပင်မြစ်နဲ့ ဒဟတ်သစ်ကိုင်းမြစ်တို့ကို ကြိတ်၍ ထောပတ်အနည်းရောလိမ်းပါ၊ (၁၆) ပရန္နဝါကိုပါးပါးလှီး၍ ဒန့်သလွန် ပွင့်၊ အုန်းသီးရင့်ရင့်နှင့်ရောစပ်ကာ ပျားရည်ဖြင့်ကျိုချက်ပါ။ နံနက်/ည စားပွဲတင်ဇွန်း တစ်ဇွန်းစီ စားပေးခြင်းဖြင့် အားနည်းမောပန်းခြင်းနဲ့ ပန်းသေ ပန်းညှိုး ရောဂါတို့ကို ပျောက်ကင်းစေပါတယ်၊ (၁၇) ကညွတ်စားပါ (သို့) ကညွတ်ဥကို နွားနို့နှင့်အတူ နို့ထမင်းကဲ့သို့ ပြုလုပ်စားပေးပါက ကာမအားတိုး၍ သုက်ပွား စေပါတယ်၊ (၁၈) နတ်ဆေးဂမုန်း အခြောက်မှုန့် နှစ်ကျပ်သား၊ ပျားရည် ၅ဝ ကျပ်သား၊ ထောပတ် ၂၅ ကျပ်သားတို့ကို သမအောင်ရောစပ်၍ နေပူပူမှာ ခုနစ်ရက်လှမ်းပြီးနောက် ဖန်ပုလင်းထဲ သိမ်းထားပြီး နံနက်/ည စားပွဲတင်ဇွန်း တစ်ဇွန်းစီစားပေးပါ။ ထိုဆေးက ပန်းသေ ပန်းညှိုး၊ အင်အားကုန်ခန်းမောပမ်း လွယ်ခြင်းအတွက် အသုံးဝင်လှပါတယ်၊ (၁၉) ဖလံတောင်ဝှေးကို ငါးခူနဲ့ ချက် စားပါက၊ ကာမအားကိုဖြစ်စေပါတယ်၊ (၂ဝ) ဆိတ်ဖလူးပန်း ပွင့်ကိုအခြောက်လှမ်းအမှုန့်ထောင်းပြီး သကြားနဲ့ ဆတူရော စပ်သောက်ပေးခြင်းဖြင့် အမျိုးသားများ သုက်အားနည်းခြင်းကို ကုသနိုင်ပါတယ်၊ (၂၁) ပင်စိမ်းရွက်ကို ဆိတ် သား၊ ငုံးသားတို့နဲ့ ကြော်စားပါက ပန်းညှိုးရောဂါပျောက်၍ ခွန်အားနဲ့သုက်ကို ပွားစေပါတယ် (သို့မဟုတ်) ပင်စိမ်းပင်အစေ့များ၊ ထန်းလျက်၊ ပျားရည်တို့ကို ဆတူရောစပ်ပြီး နံနက်အိပ်ယာထ၊ ညအိပ်ယာဝင် လက်ဘက်ရည်ဇွန်း တစ်ဇွန်း စီ မှန်မှန်စားပေးပါ၊ (၂၂) မဉ္ဇူပန်း (၄ နာရီပန်း) ကို နေပူလှန်း၍ ရလာသော အခြောက်ကို ရေနွေးကြမ်း သောက်သကဲ့သို့ ခတ်၍သောက်ခြင်းက ကာမအားကို တိုးပွားစေပါတယ်၊ (၂၃) ဗာဒံစေ့ငါးလုံး၊ ငရုတ်ကောင်း ငါးစေ့၊ ချင်းခြောက် နှစ်ပဲသားတို့ကို သကြား သင့်သလိုထည့်ကာ သမအောင်ရောနယ်၍ ညက်ညက် ဝါးပြီမှ မျိုချပါ။ ပြီးရင် နွားနို့ပူပူ တစ်ခွက်ကို တငုံချင်းသောက်ပါ။ ဤအချိုး အဆအတိုင်း ညအိပ်ခါနီး သောက်ပေးခြင်းဖြင့် သုက်ထွက်မြန်သူ၊ သုက်လွှတ် မြန်သူ၊ သုက်ဓာတ်ခိုင်မာမှု မရှိသူများကိုကောင်း ကျိုးပြုပါတယ်၊ (၂၄) ဇာတိပ္ဖိုလ်သီးကို သုက်ထိန်းဆေးအဖြစ် မြန်မာ့တိုင်းရင်းဆေးဝါး ဖော်စပ်ရာတွင် အသုံးပြုကြပါတယ်၊ (၂၅) ပန်းသေပန်းညှိုခြင်းနဲ့ အကြောအားနည်းခြင်းတို့အတွက် ခပေါင်းကြီးပင်(ခပေါင်း ခါး)ရွက်ကို အခြောက်ခံအမှုန့်ပြု၍ ပျားရည် ဖြင့်ရောစားပေးပါ (သို့ ) ခပေါင်းကြီးစေ့ လေးပဲသားကို ငရုပ်ကောင်းစေ့ နှစ်စေ့ ရောစပ်၍စားပါ၊ (၂၆) ဆီးအတွင်းမှ သုက်များယိုစီခြင်းအတွက် မြေဇာမြက်ကို အခြောက်ခံအမှုန့်ပြု၍ ဒိန်ချဉ်ဖြင့်ရောသောက်ပါ။ (၂၇) ခေါင်ရန်းပန်း အနီပွင့် ၁ဝ ပွင့်ကို ရေစင်အောင်ဆေးပါ၊ ရေနွေးပူပူကို အအေးခံ၍ အဝကျယ်သော ဖန်ပုလင်းတွင် ဌက်ပျောဖူးအရွယ်အစားရှိသော ပုလင်းပြည့်အောင်ထည့်ပါ၊ ထိုရေနွေးအအေးထဲသို့ ခေါင်ရန်းပန်း ၁ဝ ပွင့်ကိုထည့်ပြီး သကြားအညို တစ်ဆယ်သားထည့်ပါ၊ ရက်သတ္တတစ်ပတ်တိတိစိမ်ပါ၊ တစ်ပတ်ပြည့်ပါက ၄င်းစိမ်ရည်ကို နံနက် သုံးဇွန်း ညနေ သုံးဇွန်း(ဟင်းခတ် စတီးဇွန်းဖြင့်) သောက် ပါ။ ရောဂါကြီးလျှင် နေ့လည်သုံးဇွန်းထပ်မံသောက်နိုင်ပါတယ်၊ အရသာမှာ ချိုချဉ်၍ ပြင်းတာကြောင့် ဆေးသောက်ပြီးနောက် အနည်းငယ် ရီဝေဝေ ဖြစ်လာတတ်ပါတယ်၊ (၂၈) ငါးကြင်းသားကို မီးကင်၍ ကြက်သွန်အဖြူ၊ ကြက်သွန်အနီ၊ ချင်း၊ ဇီယာ၊ ပင်စိမ်းရွက်တို့ဖြင့် ရော၍ အသုပ်လုပ်စားပေးခြင်းဖြင့် ပန်းသေပန်းညှိုရောဂါကို ပျောက်ကင်းစေပါတယ်။

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...