Tuesday, June 14, 2016

ဗိုက်ထဲမှာ ဘာအစာမျှမရှိတဲ့အချိန် ကော်ဖီသောက်မိတဲ့အခါ

အသင့်အတင့် ကော်ဖီသောက်ခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတာကို လူတိုင်းသိပြီးဖြစ်ကြပါတယ်။ အထူးသဖြင့် ကော်ဖီထဲမှာပါရှိတဲ့ ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများဟာ အူမကြီး ကင်ဆာ မဖြစ် အောင်ကာကွယ်ပေးပါတယ်။ အသီးအနှံ မျိုးနွယ်ပင် ကော်ဖီစေ့ထဲမှာ chlorine genic အက်စစ် (ခေါ်) ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ပါရှိနေတာ ကို တွေ့ရပါတယ်။ အစားအသောက်ဆိုင်ရာ ဓာတ်ခွဲ စမ်းသပ်သူများ၏ လေ့လာချက်များအရ ၎င်းဓာတ်တိုး ဆန့်ကျင်ပစ္စည်းဟာ ဟာလာဟင်းလင်းဖြစ်နေတဲ့ အစာအိမ်၊ တစ်နည်း အားဖြင့်ဆိုသော် ဗိုက်ထဲမှာ ဘာအစာမျှ မရှိဘဲ ကော်ဖီသောက်မိတဲ့အခါ ဆိုးရွား တဲ့ ဓာတ်ဖောက်ပြန်မှုကို ခံစားရစေနိုင် တယ်လို့ ဆိုပါတယ်။ အသေးစိတ်အနေဖြင့်ပြောရရင် ဟာလာဟင်းလင်းဖြစ်နေတဲ့ အစာအိမ်ထဲကို ဘလက်ခ်ကော်ဖီ (နို့လုံးဝမ ပါတဲ့ ကော်ဖီကြမ်း) တစ်ခွက် လောင်းထည့်လိုက်တဲ့အခါ အစာခြေအင်္ဂါ အစိတ်အပိုင်းများထဲမှ hydrochloric အက်စစ် ထွက်ရှိ လာပြီး အစာအိမ်ရောင်ရမ်းနာရောဂါကိုဖြစ်စေ နိုင်ပါတယ်။
အကယ်၍မည်မျှပင် ကျန်းမာ နေတဲ့ အစာအိမ်ဖြစ်ပါစေ
ဤကဲ့သို့ သောက်သုံးလိုက်ခြင်းကြောင့် အက်စစ်များဟာ အစာအိမ်ထဲမှာ ပျံ့နှံ့ပြီးနောက် ထမင်း သို့မဟုတ် အဖတ်တွေ စားပြီးတဲ့အခါမှာ ထိုအစားအစာတွေကို အစာအိမ်က ကောင်းစွာချေဖျက်နိုင်ဖို့ ခက်ခဲ သွားပါပြီ။ ဒါ့ပြင် ထိုအစားအစာ များထဲမှာပါရှိတဲ့ ပရိုတင်းအာဟာရ တန်ဖိုးများမှာလည်း အာနိသင်ပျက်ပြယ် လုနီးပါး ဖြစ် သွားပါတော့တယ်။ ၎င်း၏ နောက်ဆက်တွဲအဖြစ် ရင်ပြည့်ရင်ကယ်ခြင်း၊ အက်စစ်အထွက်များခြင်း၊ ပျို့ချင် အန်ချင်ခံစားရခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ အူရောင်လေပွခြင်းတို့အပြင် အဆုံးစွန်သောဆိုးကျိုးအဖြစ် အူမကြီးကင်ဆာကိုပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးသုတေသီများက ကော်ဖီသောက်ရန် အသင့်လျော်ဆုံးအချိန်ကို နံနက်အိပ် ရာထပြီးနောက် တစ်နာရီ ခန့်အကြာမှ သောက်ပါ။ သို့မဟုတ် ကော်ဖီမသောက်ခင် ပေါင်မုန့်ကြမ်း တစ်ချပ်လောက်ဖြစ်ဖြစ် အဖတ်တစ်ခုခု စားပြီးမှ သာ သောက်ပါ လို့ အကြံပြုထားကြပါတယ်။ ဒါ့ပြင် နံနက်အိပ်ရာထထချင်း ကော်ဖီကိုအလျင်စလို မသောက်သင့်ပါဘူးတဲ့။ အဘယ်ကြောင့်ဆိုသော် နံနက်အိပ်ရာထထချင်း ကော်ဖီသောက် မိတဲ့အခါ ခန္ဓာကိုယ်ထဲမှာ cortisol ပမာဏတွေ ရုတ်တရက် တိုးပွားလာကြပြီး ၎င်း cortisol တွေက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်နာရီများကို ကြီးမားတဲ့ အဟန့် အတားတွေဖြစ်စေ လို့ပါပဲတဲ့။
သို့ပါ၍ အသက်ရှည်ရာ အနာမဲ့ကြောင်းဖြစ်စေဖို့အတွက် ဗိုက်ထဲမှာ ဘာအစာမျှ မရှိခင် ကော်ဖီမသောက်ကြပါရန်နှင့် အကယ်၍ မိမိရဲ့ နံနက်ချိန်ခါနိုးထချိန်မှာ ကော်ဖီခွက်ကိုင်၍ ထလေ့ရှိသူများ သို့မဟုတ် မသောက်ရမနေနိုင် သူများအတွက် ကော်ဖီ မှုန့်နည်းနည်းမျှသာထည့်၍ နွားနို့ အနည်းငယ် သို့မဟုတ် ထောပတ်အနည်းငယ် ထပ်ြဖည့်ကာ အာသာပြေလောက်သာ သောက် ကြပါရန် တိုက်တွန်းလိုက်ရပါ တယ်။

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...