Thursday, November 27, 2014

ရည်းစားနဲ့ပြတ်သွားလို့ လမ်းမှားမရောက်စေချင်ဖူး


-----------———-----------

တချို့တွေရှိတယ် ၊၊ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပစ်သွားလို့ စိတ်ညစ်ပြီး အရက်တွေသောက်ကြတယ် ၊၊ club တွေတက် , မကောင်းတာတွေအကုန်လုပ် , သောက်စားမူးရူးပြီး ရန်တွေဖြစ် , အဲ့လိုနဲ့ ကိုယ့်ဘဝကို အနစ်မွန်းခံကြတယ် ၊၊

တချို့ကျတော့လည်း တမှိုင်မှိုင် တတွေတွေနဲ့ , အလုပ်လည်းမလုပ်နိုင် မစားနိုင် မသောက်နိုင် မအိပ်နိုင်နဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်ကြတယ် ၊၊


တချို့ကျတော့လည်း ခံပြင်းလွန်းလို့ သူ့ထက်သာတဲ့လူရှာပြမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုမဆင်ခြင်ပဲပျက်စီးသွားတဲ့လူတွေလည်းရှိတယ် ၊၊

တကယ်တမ်းတော့ အဲ့ဒါတွေက တင်္ဒဂရူးသွပ်ခြင်းပဲ 

အချစ် ဆိုတာ ဘဝမှာ အရေးမပါဖူးလို့မဆိုလိုဖူး
ချစ်ပါ ကြိုက်ပါ ဒါပေမယ့် သတိလေးရှိကြပါ
ကိုယ့်ချစ်သူနဲ့ပြတ်လို့ ကိုယ့်ဘဝပျက်မသွားအောင်တော့နေကြပါ ၊၊
ကိုယ့်ချစ်သူက ကိုယ့်ကိုထားသွားတယ်ဆိုပါတော့ ..
အရင်ဆုံးအဖြေကိုရှာကြည့်ပါ 
ဘာကြောင့်လဲ ? 
ရုပ်ရည်ကြောင့်လား ကိုယ်ကအပြင်အဆင်မတတ်လို့လား
ဒါဆို သူ့ဘက်က ကျေနပ်စေလောက်မယ့် အနေအထိုင် အပြင်အဆင်မျိုးကိုပြောင်းလဲကြည့်လိုက်ပါ 

ဒါမှမဟုတ် ငွေရေးကြေးရေးကြောင့်လား
ဒါဆိုရင် ကိုယ့်ဘက်က အများကြီးကြိုးစားလို့ရနေနိုင်တာပဲ
အလုပ်တွေကြိုးစားလုပ် သူ့ကိုတင့်တောင့်တင့်တယ်ထားနိုင်ပြီ သူစိတ်ကျေနပ်စေနိုင်လောက်မယ့်အခြေအနေရောက်ပြီဆိုမှ သူ့ကိုပြန်ဖွင့်ပြောပြီးညှိနှိုင်းယူလို့ရတာပဲ

အဲ့ဒါတွေမှမဟုတ်လို့ သူကအကြောင်းပြချက်မရှိပဲလမ်းခွဲသွားတာဆိုရင်တော့ 
မင်းဘက်က သစ္စာဆိုတာကိုမသိတဲ့လူကိုမေ့ပစ်ဖို့သင့်ပါပြီ ၊
မင်းဘက်ကမပြတ်သားနိုင်လို့ သူ့ကိုအတင်းလိုက်တွယ်ကပ်နေရင်လည်းတချိန်မှာ မင်းပဲပြန်ခံစားရလိမ့်ဦးမှာပဲ .. 
မင်းကိုအပေါ်ယံချစ်ပြီး ခဏတာအပျော်တွဲသွားတဲ့လူမျိုးကိုမေ့ပစ်နိုင်အောင်ကြိုးစားပါ .. ပြီးတော့ ကိုယ့်ကိုယ်ကိုအရည်အချင်းရှိအောင်နေပြီး တချိန်မှာ လက်တွဲရမယ့် အနာဂတ်ကဖူးစာသစ်အတွက် (မင်းကိုဘယ်လိုမှလက်တွဲမဖြုတ်နိုင်ဖို့အတွက်) ကိုယ့်ဘက်ကအရည်အချင်းပြည့်ပြည့်ဝဝနဲ့ဘဝသစ်တခုကိုထူထောင်နိုင်ဖို့ကြိုးစားပါ ..

မင်းရဲ့ကြိုးစားမှုက တချိန်ချိန်မှာ မင်းကိုရောင်ပြန်ဟပ်စေမှာပါ :)

Poe Thinzar
< Heart Canteen >

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...