တစ်ခါတုန်းက တောမြို့ လေးတစ်မြို့ မှာ မျက်မမြင်အဖိုးကြီးတစ်ဦးရှိပါသတဲ့…။ အဖိုးကြီးဟာ ညဘက်အပြင်ထွက်တိုင်း မီးအိမ်တစ်လုံးကို လက်မှာကိုင်ဆွဲပြီး သွားလေ့ရှိပါတယ်…။
ပိန်းပိတ်အောင်မှောင်နေတဲ့
ညတစ်ညမှာ ထုံးစံအတိုင်း မျက်မမြင်အဖိုးကြီးဟာ မီးအိမ်လေးကို လက်ကဆွဲပြီး
အပြင်ထွက်လာပါတယ်…။ လူတစ်စုဟာလည်း အဲ့ဒီလမ်းကိုဖြတ်လာတာနဲ့ ကြုံတာပေါ့…။
အဲ့ဒီလူတစ်စုဟာ
မျက်မမြင်အဖိုးကြီးကိုမြင်တော့ လှောင်ပြောင်ရယ်မောကြပါတယ်..။
ပြီးတော့ပြောတယ်….အဲ့ဒီလူတစ်စုဟာ
“ ဒီမှာ အဖိုးကြီး ခင်များက ဘာမှလည်းမြင်ရတာမဟုတ်ဘဲ ဘာလို့ မီးအိမ်ကြီးကိုင်လာရတာတုန်းဗျ…”
အဖိုးကြီးကတော့ ယဉ်ယဉ်ကျေးကျေးပဲ ပြန်ဖြေလိုက်ပါတယ်…။
“ ဒီလိုကွဲ့…လူလေးတို့ရဲ့  …ဒီမီးအိမ်က အဖိုးအတွက်မဟုတ်ပါဘူး…လူလေးတို့လို မျက်စိမြင်တဲ့သူတွေအတွက်ပါ… မင်းတို့တွေက အမှောင်ထဲမှာ မျက်မမြင်တစ်ယောက်လာတာကို မမြင်ဘဲ ဝင်တိုက်မိမယ်… ပြီးရင် အားတုန့်အားနာတွေဖြစ်ပြီး ပြန်တောင်းပန်ကြမယ်… လူလေးတို့ကို အဲ့လိုမဖြစ်စေချင်လို့ပါ…” တဲ့….။ ။
## သယ်ရင်း … စကားမပြောခင် ကိုယ့်စကားကို ပြောသင့်မပြောသင့် ဆင်ခြင်ပါ…##
No comments :
Post a Comment