Saturday, November 29, 2014

ချစ်သူရေ ရေမြေတွေခြားနေလည်း

ချစ်သူရေ
ရေမြေတွေခြားနေလည်း
စိတ်အားမငယ်ရဘူးနော်
ချစ်ခြင်းတွေကိုယ်စီ
ရင်တွင်းမှာတည်ရှိနေတာမို့
နေရာဒေသတွေ ထည့်တွေးစရာမလိုဘူးမဟုတ်လား....

ချစ်သူရေ
မိုင်ထောင်ချီဝေးနေလို့

သွေးအေးသွားမလားအထင်မမှားရဘူးနော်
တို့နှစ်ဦးရဲ့နှလုံးသားချင်းဆက်သွယ်မှုက
နီးကပ်လှတာမို့ ခရီးအကွာအဝေး
ထည့်တွေးစရာမလိုဘူးမဟုတ်လား....

ချစ်သူရေ
ရာသီတွေ ရွေ့လျားလို့မေ့သွားမလား
စိုးရိမ်စိတ်လဲမများရဘူးနော်
ပြောင်းလဲမသွားနိုင်တဲ့သစ္စာတရား
နှစ်ဦးစလုံးထိန်းသိမ်းထားတာမို့
အချိန်ကာလတွေ ထည့်တွေးစရာမလိုဘူးမဟုတ်လား....

ချစ်သူရေ
ခုအချိန်အခိုက်အတန့်လေးတွေမှာတော့
လေလှိုင်းလေးထဲကနေပဲ
အချစ်နဲ့အတူ
အလွမ်းများစွာပို့ပေးကြတာပေါ့နော်....

(အားတင်းထားစမ်းပါကွယ်)
တနေ့နေ့မှာ တို့နှစ်ယောက်ရဲ့ဝေးကွာခြင်းတွေကို
သစ္စာတရားနဲ့ ယုံကြည်မှုတစ်ခုအတွက်
တွန်းလှန်ဖြတ်ကျော်လို့
မင်းအနားရောက်လာခဲ့မယ်
နှစ်ကိုယ်တူဘ၀တစ်ခု အစပြုဖို့
ကြိုလင့်နေတော့....ကိုယ့်ချစ်သူ ။။

(လွမ်းမပြေ)

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...