Thursday, November 27, 2014

စိတ်ဖိစီးမှုတွေ ခံစားနေရသူတွေအတွက် လျော့ပါးသက်သာသွားစေမယ့် အချက် (၅) ချက်


လူတစ်ယောက် စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အခါ စိတ်ကိုအတတ်နိုင်ဆုံး တည်ငြိမ်အောင်ထားကာ ဖြစ်နေတဲ့ ခံစားချက်တွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားရမှာပါ။ ဒီလိုပြောတဲ့အခါ ပြောတာတော့ လွယ်တာပေါ့လို့ ထင်စရာရှိပါတယ်။ အဲ့ဒီမဖြစ်ရအောင်တစ်ချက်ချင်းစီ ရှင်းပြပေးပါ့မယ်။

၁။ခရီးသွားတဲ့အခါ

လူတစ်ယောက်ဟာ ဘယ်လောက် စိတ်ပင်ပန်းပင်ပန်း သီချင်းသံစဉ်တွေကြားလိုက်ရင်တော့ အဲ့ဒီဖိစီးမှု၊ ပင်ပန်းတာတွေ လျော့ကျသွားတာချည်းးပါပဲ။ ဒီတော့ သင်သွားနေတဲ့ ခရီးစဉ်အတွင်း ဖိစီးမှုတွေရှိနေရင် အကြိုက်ဆုံးသီချင်းတွေ ဖွင့်နားထောင်လိုက်ပါ။ မကြာခင်အချိန်အတွင်းမှာ သင့်စိတ်တွေ ကြည်လင်လာပါလိမ့်မယ်။

၂။အလုပ်မှာ

အစည်းအဝေးတွေ၊ အလုပ်စာရင်းဇယားတွေနဲ့ အာရုံတွေ နောက်နေရပြီဆိုရင် အလွယ်ကူဆုံး ဖိစီးမှုလျှော့ချနည်းကတော့ သင့်လက်နှစ်ဖက်ကို ဘယ်နဲ့ညာယူလိုက်ပြီးအပေါ်ကို ဆန့်တန်းလိုက်ပါ။ ပြီးတာနဲ့ ဘယ်ဘက်ကိုနည်းနည်းယိမ်းလိုက်၊ ညာဘက်ကိုနည်းနည်းယိမ်းလိုက် လုပ်ပြီး ခေါင်းကိုလည်း အရှေ့၊ အနောက် ငိုက်ချပြီး ဘေးဘက်ကိုလည်း ညီမျှစွာ ငိုက်ချပေးပါ။ ခေါင်းလေ့ကျင့်ခန်းလုပ်သလိုပါပဲ။ ဒီလို သင့်ခန္ဓာကိုယ်အနားပေးတာဟာ စိတ်တွေပြန်လန်းဆန်းအောင် လုပ်ပေးခြင်းနဲ့ အတူတူပါပဲ။

၃။တောက်တိုမယ်ရအလုပ်ကလေးတွေ လုပ်တဲ့အခါ

အိမ်မှာ အိမ်မှုကိစ္စလေးတွေ ကူလုပ်ပေးရတဲ့အခါ၊ ဟိုပြေးဒီပြေး တောက်တိုမယ်ရအလုပ်လေးတွေ လုပ်တဲ့အခါမှာလည်း စိတ်ပိုမိုငြိမ်းချမ်းသွားအောင်၊ ရှိနေတဲ့ ဖိစီးမှုတွေနည်းသွားအောင် လုပ်လို့ရတာပါပဲ။ အဲ့ဒါကတော့ ဥပမာ သင်က ပန်းကန်ဆေးနေတယ်ဆိုရင် သင့်လက်နဲ့ထိတွေ့နေတဲ့ ရေအေးအေးလေး၊ ဒါမှမဟုတ် နွေးနွေးလေးရဲ့ ထိတွေ့မှုကို သတိပြုရင် ဆပ်ပြာရနံ့လေးကို ရှုရှိုက်ကာ အပန်းဖြေပါ။ ကိုယ်လုပ်နေတဲ့ အလုပ်ကို ပိုအာရုံစိုက်ရင်း ဘာလုပ်နေတယ်ဆိုတာကို တစ်ခုချင်းစီ မှတ်သားတာမျိုးပါ။ ဒါဟာ စိတ်တည်ငြိမ်ဖို့ အများကြီး ကူညီပေးပါတယ်။

၎။ညစာစားနေတဲ့အခါ

တစ်နေ့လုံး အလုပ်တွေ ပင်ပန်းပြီး စိတ်ဖိစီးမှုတွေနဲ့ ညစာစားရတော့မှာပါလား။ ညစာစားနေတုန်း ဖိစီးမှုတွေလျှော့ချနိုင်ဖို့ဆိုရင်တော့ အစားအစာကို ပထမဆုံး တစ်လုပ်စားပြီးတာနဲ့ ကိုယ်စားနေတဲ့ ဟင်းရဲ့အနံ့ကို ခံစားကြည့်လိုက်ပါ။ ဒီအစားအသောက်၊ ဟင်းထဲမှာ ဘာတွေပါဝင်မလဲဆိုတာကို စဉ်းစားရင်း စိတ်ကိုငြိမ်အောင်လုပ်ပါ။ အဲ့ဒီနောက်မှာ သင်ဟာ ပထမဆုံး မစားခင်အချိန်ထက် စိတ်ငြိမ်သွားတာ တွေ့ရပါလိမ့်မယ်။

၅။ညမအိပ်ခင်

ဘယ်လောက်ဆိုးရွာတဲ့နေ့ပဲဖြစ်ဖြစ် တစ်နေ့လုံးမှာ သေးရင်သေးမယ်၊ ကြီးရင်လည်းကြီးမယ် ကောင်းတဲ့အကွက်လေးတစ်ကွက်တော့ ရှိစမြဲပါ။ ဒီတော့ မအိပ်ခင် ငါဒီနေ့လုပ်ခဲ့တဲ့ အရာတွေထဲမှာ ဘာလေးကတော့ စိတ်ချမ်းသာစရာကောင်းတယ်၊ ဘယ်သူ့ကို ဘယ်လိုအကျိုးပြုပေးလိုက်တယ် စသဖြင့် တွေးပါ။ ကောင်းမွန်တဲ့အတွေးဟာ သင်အိပ်စက်တဲ့အခါ အများကြီး အထောက်အကူပြုတာ သင်တွေ့ရပါလိမ့်မယ်။

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...