Friday, November 28, 2014

၎ တန်းနဲ့ ၈ တန်း စားမေးပွဲ စနစ် ပြောင်းမယ်


မြန်မာ နိုင်ငံ အခြေခံ ပညာရေးမှာ စတုတ္ထတန်း (၄ တန်း) နဲ့ အဌမတန်း (၈ တန်း)စာမေးပွဲကို ကျတဲ့ ဘာသာ ရပ်ကို ပြန် ဖြေခွင့် ပေးတဲ့ စာမေးပွဲ စနစ်ကို အခု နှစ်မှာ စတင် ကျင့်သုံးမှာ ဖြစ်ပါ တယ်။

၎ တန်း နဲ့ ၈ တန်းကို ကျောင်းစစ် အနေနဲ့ စာမေးပွဲ စစ်ဆေးမှာ မဟုတ်ဘဲ၊ ၄ တန်း အဆင့် စာမေးပွဲ ကို ခရိုင် အဆင့် ကျောင်း ပေါင်းစုံ ဘုတ် အဖွဲ့နဲ့ မေးခွန်း ထုတ်တာ၊ အဖြေလွှာ စစ်တာတွေ လုပ်မှာ ဖြစ်ပါတယ်။

၈ တန်း ကိုတော့ တိုင်းအဆင့် ကျောင်းပေါင်းစုံ
ဘုတ် အဖွဲ့နဲ့ မေးခွန်း ထုတ်တာ၊ အဖြေလွှာ စစ်တာတွေ လုပ်သွားမှာ ဖြစ်ပါတယ်။

စာမေးပွဲမှာ ကျတဲ့ ဘာသာ ကိုတော့ တစ်ကြိမ် ပြန်ဖြေခွင့် ပေးမယ်လို့ ပညာရေး ဝန်ကြီး ဌာန မြန်မာ နိုင်ငံ စာစစ် အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါ တယ်။

၎ တန်းနဲ့ ၈ တန်း ကျောင်းသားတွေ အလေ့ အကျင့် ဖြစ်အောင်လို့ ဒီဇင်ဘာလ ပြုလုပ်မယ့် အစမ်း စာမေးပွဲမှာ စတင် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ပထမဆုံး အဆင့် အနေနဲ့ ၄ တန်နဲ့ ၈ တန်းကိုပဲ ကျတဲ့ ဘာသာတွေ ကို ပြန်ဖြေခွင့် ပေးမှာ ဖြစ်ပေမယ့် ရလာတဲ့ အချက် အလက် တွေကို သုံးသပ်ပြီး တခြား အတန်း တွေမှာလည်း သုံးသပ် မသင့် ဆိုတာကို ဆုံးဖြတ် သွားဖို့ ရှိတယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

No comments :

Post a Comment

Related Posts Plugin for WordPress, Blogger...